Warning: file_put_contents(/opt/frankenphp/design.onmedianet.com/storage/proxy/cache/7381a0e7cdd04422a38a18cec1e5ccf4.html): Failed to open stream: No space left on device in /opt/frankenphp/design.onmedianet.com/app/src/Arsae/CacheManager.php on line 36

Warning: http_response_code(): Cannot set response code - headers already sent (output started at /opt/frankenphp/design.onmedianet.com/app/src/Arsae/CacheManager.php:36) in /opt/frankenphp/design.onmedianet.com/app/src/Models/Response.php on line 17

Warning: Cannot modify header information - headers already sent by (output started at /opt/frankenphp/design.onmedianet.com/app/src/Arsae/CacheManager.php:36) in /opt/frankenphp/design.onmedianet.com/app/src/Models/Response.php on line 20
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သည့် ၁၁ ဦးပါ စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သည့် ၁၁ ဦးပါ စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
DVB
·
February 2, 2021
Mah

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ၁၁ ဦးပါ  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုဥက္ကဋ္ဌ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး  အောင်လင်းဒွေးက အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တွဲဖက်အတွင်းရေးမှူး အဖြစ်ပါဝင်ပါတယ်။

အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ အပြင် တပ်မတော် ပြင်ပပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကိုလည်း ထည့်သွင်းဖွဲ့စည်းထားပါတယ်။

ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အန်အယ်လ်ဒီ အစိုးရခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း ဖမ်းဆီးထိန်းသိမ်းကာ စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီး နောက်တစ်နေ့မှာ ခုလို စီမံ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်တာပါ။

Photo-AFP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024